Events > Academic & Other Events
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
............................
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲကို မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လဆန်း (၁၄) ရက် (ဧပြီလ (၂၉) ရက်နေ့၊ ၂၀၂၆ ခုနှစ်) တွင် Strategy First International College, Mandalay မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများမှ မန္တလေးမြို့ ရှင်ပင်အုံးအင်းဘုန်းကြီးကျောင်းဝန်းတွင် ဘုရားဝတ်ပြုပူဇော်ကာ မဟာဗောဓိပင်ကို လက်ယာရစ် (၉) ပတ်ပူဇော် ညောင်ရေသွန်းခဲ့ကြပြီး ကုသိုလ်ကောင်းမှုများ အတူတကွပြုလုပ်ခဲ့ကြပါသည်။
ညောင်ရေသွန်းပွဲ ကျင်းပပြီးနောက် Strategy First Mandalay Teaching Centre (1) ၌ ဆရာတော် သံဃာတော်များကို သင်္ကန်းစသော လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကာ ဘန္ဒန္တဥတ္တမ ဓမ္မာစရိယ၊ ဘာသန္တရကောဝိဒ၊ ဗုဒ္ဓတက္ကသိုလ်၊ ရွှေကျင်နိကာယ ဆရာတော်ဘုရားမှ တရားတော် ဟောကြားပေးခဲ့ပါသည်။
တရားပွဲ အခမ်းအနားအပြီးတွင် ဗုဒ္ဓဂါယာဘုရားဖူးကုသိုလ်အဖြစ် လာရောက်ကုသိုလ်ယူကြသော ကျောင်းသား၊ ကျောင်းသူများကို မဲဖောက်ပေးခဲ့ရာ Business Management Batch-28 အတန်းမှ ကျောင်းသား "ကိုဘုန်းဝဏ္ဏထွန်း"မှ ဘုရားဖူးခရီးစဉ် ကံထူးသွားခဲ့ပါသည်။
ကြွရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်သည်တော်များကို နံနက်စာ၊ နေ့လယ်စာနှင့် ရွှေရင်အေးတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲကို တက်ရောက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ၀န်ထမ်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
Latest News
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026
Strategy First International College ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026