Events > Academic & Other Events

Strategy First International College - Be My Valentine Event

Strategy First Community Service Club မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ကျင်းပသည့် "Be My Valentine Event" ကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့က Strategy First Teaching Centre (1) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ချောကလက်နှင့် နှင်းဆီပန်းများဖြင့် အမှတ်တရ လက်ဆောင်ပေးခဲ့သည့်အပြင်၊ Pre-order & Prepaid System ဖြင့် မိမိတို့ချစ်ခင်ရသူများထံသို့ Rose Flower Bouquet များနှင့် လျှို့ဝှက်မေတ္တာစာလွှာများကို အရောက်ပို့ဆောင်ပေးသည့် အစီအစဉ်ကလည်း ပွဲကို ပိုမိုထူးခြားစေခဲ့ပါသည်။

အဆိုပါပွဲတွင် Hidden Duck, Hidden Love • Newspaper Dancing • Cup and Stick Game • Guess the Drawing • Bingo Game • Memory Challenge Game နှင့် Cone Game စသည့် Game Activities များလည်း ပါဝင်ခဲ့ပါသည်။ Strategy First Art and Handmade Club မှ ဦးဆောင်သော DIY Flower Booth နှင့် Photo Booth တို့တွင်လည်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး "10 Things I Hate About You" ဇာတ်ကားကိုလည်း ပြသခဲ့ပါသည်။

ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော Strategy First Community Service Club၊ Strategy First Art and Handmade Club နှင့် ပွဲသို့လာရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို Strategy First International College မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။