Events > Academic & Other Events
Strategy First International College အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၂၉) ရက် (တနင်္ဂနွေနေ့) က ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းမပေါ်ရှိ Pan Pacific Hotel,Yangon Ballroom မှာ နေ့လယ် (၁) နာရီမှ (၆) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နေ့လယ် (၁) နာရီမှာ Strategy First မှာဖွင့်လှစ်ထားတဲ့ UK ဘွဲ့ကြိုအတန်း ကျောင်းသား၊ ကျောင်းသူများမှ Ready for the future သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပါတယ်။ အဲ့ဒီနောက် ကျောင်းသား၊ကျောင်းသူများမှ ဆရာကြီး ၊ ဆရာမကြီးများကို သံပြိုင်ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်များပေးအပ်ခဲ့ကြပါတယ်။ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့် ၊ Strategy First ရဲ့ Founder and President ဖြစ်တဲ့ ဆရာ ဦးအောင်ချစ်ခင် ၊ Vice President (Academic) ဖြစ်တဲ့ ဆရာကြီး ပါမောက္ခဒေါက်တာ ဦးစိန်မင်း၊ ဆရာကြီး ပါမောက္ခဒေါက်တာ ဦးစန်းလွင်၊ ဆရာကြီး ဦးအောင်သန်း တို့မှ အမှတ်တရဆုပေးစကားများ ပြောကြားခဲ့ကြပါတယ်။
အစီအစဉ်အရ Business Plan ပြိုင်ပွဲဆုရှိသူများ၊ Student Club’s Coordinator များ ၊ EC များ ၊ Esport ပြိုင်ပွဲမှ ဆုရရှိသူများနဲ့ Baking and Cooking Class တက်ရောက်ပြီးသူများကို ဆရာကြီး ၊ ဆရာမကြီးများမှ ဆုနှင့် အမှတ်တရ Certificate များ ပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး Strategy First Students Clubs and Societies နဲ့ ကျောင်းသားကျောင်းသူများမှ မြန်မာ့ရိုးရာအဆိုအကများ၊ ပြဇာတ်များနဲ့ တခြားအကအလှများကို တင်ဆက်ပြသခဲ့ကြပါတယ်။ ယခုလို Strategy First International College အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနားကို အချိန်ပေးပြီးတက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ ကျောင်းသား၊ ကျောင်းသူများနဲ့ တာဝန်ရှိသူများကို Strategy First မှ ကျေးဇူးအထူးတင် ရှိပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026