Events > Graduation Ceremonies
Strategy First Institute ၏ ဒုတိယ အကြိမ်မြောက် Graduation Ceremony အခမ်းအနားအောင်မြင်စွာကျင်းပ
Strategy First Institute ၏ ICM Single Subject Diploma, ABE Level 6 Diploma in Business Management, NCC Level (4) Diploma in Business နှင့် NCC Level (5) Diploma in Business အောင်မြင်ခဲ့ကြသူများအတွက် ဒီပလိုမာပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၅)ရက်နေ့ (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ The Strand Hall, Strand Hotel တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
အခမ်းအနားကို ဆရာမကြီးဒေါက်တာဒေါ်ခင်အုန်းသန့်၊ဆရာမကြီးပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Founder/Managing Director ဖြစ်သော ဆရာ ဦးအောင်ချစ်ခင် ၊ Academic Director ဆရာကြီးဒေါက်တာဦးစိန်မင်းနှင့် တခြားသော ဆရာကြီး၊ ဆရာမကြီးများနှင့် NCC Level 4 & Level 5 Diploma in Business ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ကျောင်းသူများ ၊ ABE Level 6 Diploma in Business Management ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ကျောင်းသူများ၊ ICM Single Subject Diploma ဖြေဆိုအောင်မြင်ထားသောကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နာယက ဆရာမကြီး ဒေါက်တာဒေါ်လှမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခဲ့ပါသည်။ ဆက်လက်ပြီး Strategy First ၏ Academic Director ဒေါက်တာဦးစိန်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်ချစ်ခင်မှ အခမ်းအနားဖွင့် မိန့်ခွန်းပြောကြားပေးခဲ့ပါသည်။
အခမ်းအနားကို အပိုင်း(၃) ပိုင်းခွဲပြီကျင်းပခဲ့ပါသည်။
အပိုင်း(၁) ကို မနက်(၉) နာရီမှ နေ့လည်(၁၂) နာရီ အထိကျင်းပခဲ့ပြီး ဒီပလိုမာ ပေးအပ်ချီးမြှင့်ခဲ့ပြီးသော ဘာသာရပ်များမှာ
- NCC
- Level 4 Diploma in Business
- Level 5 Diploma in Business
- ICM
- Project Management
- Financial Management
- Advertising
- Strategic Management
- Management of Travel & Tourism Operations
- Leadership Studies
- Audition & Taxation
အပိုင်း(၂) ကို နေ့လည်(၁) နာရီမှ နေ့လည်(၃) နာရီ အထိကျင်းပခဲ့ပြီး ဒီပလိုမာ ပေးအပ်ချီးမြှင့်ခဲ့ပြီးသော ဘာသာရပ်များမှာ
- Abe
- Level 6 Diploma in Business Management
- ICM
- Business Management & Administration
- Sales & Sales Management
- Logistics & Supply Chain Management
အပိုင်း(၃) ကို ညနေ(၄) နာရီမှ ညနေ(၆) နာရီ အထိကျင်းပခဲ့ပြီး ဒီပလိုမာ ပေးအပ်ချီးမြှင့်ခဲ့ပြီးသော ဘာသာရပ်များမှာ
- ICM
- Human Resources Management
- Human Resource Development Hospitality Management
- Managing for Service Excellence
- Business Law
- International Business Communication
- Marketing Management
- Marketing Research
- Quantitative Methods for Mangers
တို့ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းသားကျောင်းသူများ ကို ဒီပလိုမာ လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် BA(Hons) Business & Management Pathway Programme First Year(NCC Level 4 Diploma in Business) တွင် ကမ္ဘာ့ အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်သော မလမင်းဖြူဖြူ အားဂုဏ်ပြုဆု အဖြစ် NCC(UK) မှ ပေးအပ်သော The first in the world award ကို ချီးမြှင့်ပေးခဲ့ပါသည်။ဆက်လက်ပြီး BA(Hons) Business & Management Final Year တွင်တက်ရောက်နေသော မထာဝရကိုလည်း Full Scholarship ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား Strategy First မှ အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ အနာဂတ် လုပ်ငန်းခွင်အတွင်းလည် မိမိတို့သင်ကြားထားသည့် သီအိုရီများကို လက်တွေ့နှင့်ပေါင်းစပ်ကာ ပြန်လည်အသုံးချ နိုင်ပြီး အောင်မြင်မှု များဆက်လက် ဆွတ်ခူးနိုင်ကြပါစေ။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026