Events > Academic & Other Events
Strategy First Football Club မှ ကျောင်းသားများ ဦးဆောင်ပြီး “Football Tournament 2025” ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့
Strategy First Football Club မှ ကျောင်းသားများ ဦးဆောင်ပြီး “Football Tournament 2025” ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ 

………………………
Strategy First Int’l College ၌ UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေသည့် Strategy First Football Club မှ ကျောင်းသားများ ဦးဆောင်ပြီး “Football Tournament 2025” ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ အထိ Fine Futsal and No.2 National Indoor Stadium တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Strategy First Photography Club မှ ပွဲစဉ်တစ်လျှောက် မှတ်တမ်းတင်ဓာတ်ပုံများကို ရိုက်ကူးပေးခဲ့ပြီး Strategy First Media Club မှ အစီအစဉ်များ တင်ဆက်ပေးခဲ့ကာ Strategy First Community Service Club မှလည်း Volunteer အဖြစ် ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနေ့များတွင် Strategy First Dance Club မှ Cheerleader အက၊ အလှများနှင့် Strategy First Music Club မှ တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ကြပါသည်။ UK ဘွဲ့ကြိုအတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကလည်း လာရောက်အားပေးခဲ့ကြပါသည်။ 
Strategy First Football Club မှ အသင်း (၇) သင်းသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ “Thunder Strike” အသင်းမှ “Football Tournament Champion 2025
” ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။
ထို့အပြင် ဖော်ပြပါဆုများကိုလည်း အသီးသီးရရှိခဲ့ကြပါသည်။
1st Runner Up - “9 Cents”
2nd Runner Up – “DCBM”
The Cleanest Team – “Stromfang”
တစ်ဦးဆုများအနေဖြင့်
ပြိုင်ပွဲတစ်လျှောက်
အကောင်းဆုံး ဂိုးသမားဆုကို “Thunder Strike” အသင်းမှ ဂိုးသမား “ကိုသုနေဦး” နှင့်
အကောင်းဆုံး ကစားသမားဆုကို “9 Cents” အသင်းမှ “ကိုသွင်ထူးအောင်”
တို့မှ ရရှိခဲ့ကြပါသည်။
……………….
ယခုလို “Football Tournament 2025” ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသော Strategy First Football Club၊ ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသော Strategy First Photography Club, Strategy First Media Club, Strategy First Community Service Club, Strategy First Dance Club, Strategy First Music Club နှင့် တစ်ခဲနက် လာရောက်အားပေးခဲ့ကြသော UK ဘွဲ့ကြိုအတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကို Strategy First Int’l College မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ 
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026