Events > Academic & Other Events
Strategy First Education Group ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်ကာလဒါနအလှူ
Strategy First Education Group မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်ကာလဒါနအလှူ
……………..
မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ ဝါဆိုလဆန်း (၁၄) ရက်နေ့ (အင်္ဂါနေ့) တွင် Strategy First Panchan Tower Teaching Centre ၌ ဆရာ ဦးအောင်ချစ်ခင်၊ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများမှ ကြွရောက်ချီးမြှင့်တော်မူသော သံဃာတော်များအား ဝါဆိုသင်္ကန်း၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ကာလဒါန ကုသိုလ်အဖြစ် ဆက်ကပ်လှူဒါန်းခဲ့ပြီး တရားနာ
ကုသိုလ်ယူခဲ့ကြပါသည်။
ထို့အပြင်
ရွှေသပြေဦးသာသနာ့ဝန်ဆောင်ကျောင်း
အင်ကြင်းမြိုင်သာသနာ့ရိပ်သာကျောင်း
ရတနာင်္လကာရသာသနာ့ဗိမာန်ကျောင်း
ထော်သိုလ်ကျောင်း
မဟာဗောဓိ ဗုဒ္ဓဂါယာကျောင်းတိုက်
အစရှိသည့် ကျောင်းတိုက် (၅) တိုက်မှ သံဃာတော်များအား သင်္ကန်း (၁၂၈) စုံကို ဝမ်းမြောက်စွာဖြင့် ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
ဝါဆိုသင်္ကန်းကပ်အလှူပွဲနေ့တွင် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို မုန့်ဟင်းခါးဖြင့်ဧည့်ခံခဲ့ပြီး တရားနာလာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
စုပေါင်းဝါဆိုသင်္ကန်းကပ်ကာလဒါနအလှူတွင် ပါဝင်ခဲ့ကြသူများအားလုံးကို Strategy First Education Group မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026