Events > Academic & Other Events
Strategy First - Buddhist Society မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး “တပေါင်းလ သဲပုံစေတီပွဲ”ကျင်းပပြုလုပ်
Strategy First - Buddhist Society မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး “တပေါင်းလ သဲပုံစေတီပွဲ”ကျင်းပပြုလုပ်
…………………
မြန်မာ့ရိုးရာ “တပေါင်းလ သဲပုံစေတီပွဲ” ကို Strategy First - Buddhist Society မှ ဦးဆောင်ပြီး UK ဘွဲ့ကြိုအတန်း အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရန်ကုန်မြို့၊ ကိုးထပ်ကြီးဘုရားတွင် မတ်လ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
Strategy First International College Founder/ President ဆရာ ဦးအောင်ချစ်ခင်၊ ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်နီလာဝင်း၊ Strategy First Education Group ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးဖြစ်သော မြတ်စွာဘုရားရှင်တို့အား ရည်မှန်း၍ သမ္ဗုဒ္ဓေဂါထာတော်ဖြင့် သဲပုံစေတီကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
ထို့နောက် ဆရာဦးအောင်ချစ်ခင်မှ သဲပုံစေတီပွဲတွင် ပါဝင်ကုသိုလ်ယူခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ဗုဒ္ဓဂါယာဘုရားဖူးလိုက်ပါခွင့် ကံစမ်းမဲဖောက်လှူပေးပြီး အစာပြေမုန့်များ၊ Royal-D အချိုရည်များဖြင့် ဧည့်ခံခဲ့ပါသည်။
ဗုဒ္ဓဂါယာဘုရားဖူးလိုက်ပါခွင့်ကို BA (Hons) Business Management (ပထမနှစ်) အတန်းမှ ကျောင်းသူ “မထက်တာရာမှူးအောင်” မှ ကံထူးခဲ့ပါသည်။ 
ယခုလို “တပေါင်းလ သဲပုံစေတီပွဲ” ကို ကျင်းပခွင့်ပေးသော ကိုးထပ်ကြီးဘုရားမှ တာဝန်ရှိသူများ၊ စုပေါင်းကုသိုလ်ယူခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် Royal-D အချိုရည်များ ပါဝင်လှူဒါန်းခဲ့သော Myanmar Oasis Co., Ltd. မှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
……………………………
“တပေါင်းလ သဲပုံစေတီပွဲ” မှ ကုသိုလ်ကောင်းမှုအစုစုတို့ကို အားလုံးရရှိစေရန် ကုသိုလ်အမျှပေးဝေအပ်ပါသည်။
ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုကြပြီး ကုသိုလ်ထပ်တူရရှိကြပါစေ။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026