Events > Academic & Other Events
Strategy First Badminton Club မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး Badminton Tournament ကျင်းပပြုလုပ်
Strategy First Badminton Tournament 2024 ကို UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေတဲ့ Strategy First Badminton Club မှ ကျောင်းသား၊ကျောင်းသူများ ဦးဆောင်ကာ မတ်လ (၁၆) ၊ (၁၇) ရက်နေ့များက ရန်ကုန်မြို့ရှိ ACE Badminton Court မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First International College မှ Founder/ President ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Admin) ဦးအောင်ကျော်ဌေးနဲ့ UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြပြီး Strategy First Dance Club မှလည်း ဖွင့်ပွဲနေ့မှာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။
အဆိုပါပွဲမှာ ပြိုင်ပွဲဝင် (၃၄) ဦးတို့ဟာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး သက်ဆိုင်ရာ ဆုရရှိသူများကိုလည်း ဆရာ ဦးအောင်ချစ်ခင်မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ယခုလို Batch အသီးသီးမှ ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ကျင်းပတဲ့ Badminton Tournament 2024 ပွဲကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပါတဲ့ Strategy First Badminton Club မှ ကျောင်းသား၊ကျောင်းသူများနဲ့ ကြွရောက်ချီးမြှင့်ပေးခဲ့ကြတဲ့ ဆရာဦးအောင်ချစ်ခင်၊ ဦးအောင်ကျော်ဌေးနဲ့ လာရောက်အားပေးခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူများအားလုံးကို Strategy First International College မှ ကျေးဇူးအထူးပင်တင်ရှိပါတယ်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026