Events > Academic & Other Events
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားမှ အမှတ်တရပုံရိပ်များ
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားမှ အမှတ်တရပုံရိပ်များ 

……………………….
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် “The Strand Yangon” Hotel ၌ နံနက် (၈:၃၀) နာရီမှ နေ့လယ် (၁) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
နံနက် (၉) နာရီတွင် အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် Strategy First UK ဘွဲ့ကြိုအတန်း ကျောင်းသား၊ ကျောင်းသူများမှ “Ready for the Future” သီချင်း၊ “မြတ်ဆရာ” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ဆရာကြီး ၊ ဆရာမကြီးများကို သံပြိုင်ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့် ၊ ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက်၊ Strategy First ၏ Founder and President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ ပါမောက္ခ ဒေါက်တာ ဒေါ်နီလာဝင်း၊ ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ ဒေါက်တာ ဦးဆန်းသူရိန်မိုး၊ တို့မှ အမှတ်တရ ဆုပေးစကားများပြောကြားခဲ့ကြပါသည်။
အစီအစဉ်အရ Strategy First Music Club ကျောင်းသား၊ ကျောင်းသူလေးများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် Business Plan 2025 ပြိုင်ပွဲဆုရှိသူများ၊ AI Hackathon 2025 ပြိုင်ပွဲဆုရှိသူများ၊ Student Club’s Coordinator များနှင့် Class Representative များကို ဆရာကြီး၊ ဆရာမကြီးများမှ ဆုနှင့် အမှတ်တရ Certificate များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး တေးသံရှင် အဆိုတော် “SHINE” မှ သီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီး Strategy First Dance Club, GPIS Music Club နှင့် Strategy First European Culture Club များမှ UK ဘွဲ့ကြိုအတန်း ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများ၊ မြန်မာ့ရိုးရာ အဆိုအကများနှင့် အခြားသော ခေတ်ပေါ်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ Voting စနစ်ဖြင့် ရွေးချယ်ထားသော King, Queen နှင့် Prince, Princess, Mister Popularity, Miss Popularity Awards ဆုရရှိခဲ့သူများကို ကြေညာခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ယခုလို Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားသို့ အချိန်ပေးပြီး တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026