Events > Academic & Other Events
Rotary Club of Central Yangon (RCCY) Youth Scholarships and Internships Programme Closing Event, Yangon
အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများနှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို စုဆောင်းလိုသော မိတ်ဖက်လုပ်ငန်း အဖွဲ့အစည်းများအတွက် Rotary Club of Central Yangon (RCCY) နှင့် Strategy First International College အပါအဝင် အခြားမိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကျင်းပပေးခဲ့သော Youth Scholarships and Internships Programme ၏ သင်တန်းဆင်း Certificate ပေးပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၄) ရက်နေ့တွင် နေ့လယ် (၂:၀၀) မှ (၄:၃၀) နာရီအထိ Chatrium Hotel Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို Rotary Club of Central Yangon (RCCY) ၏ ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်း မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲ Ms. Susan N. Stevenson, RYSIP Programme ၏ နာယကဆရာကြီး ဒေါက်တာအောင်ထွန်းသက်၊ Women Transforming Myanmar ၏ CEO and Founder မသီရိအောင်၊ Strategy First International College ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဦးအောင်ချစ်ခင်၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများမှ သင်တန်းတက်ရောက်အောင်မြင်ခဲ့သူများအတွက် အမှာစကားများပြောကြားခဲ့ကြပါသည်။
ထို့နောက် Rotary Club of Central Yangon (RCCY) ၏ Youth Scholarships and Internships Programme တွင် ပါဝင်ပြီးမြောက်ခဲ့သူများကို သင်တန်းဆင်း ဂုဏ်ပြု Certificate များ၊ Strategy First International College အပါအဝင် Programme ၏ မိတ်ဖက်လုပ်ငန်း အဖွဲ့အစည်းများနှင့် WTM, My Jobs Myanmar တို့ကို အမှတ်တရ ဆုတံဆိပ်များ၊ Certificate များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခြင်း၊ မိမိနှင့် ကိုက်ညီသော အလုပ်အကိုင်များ ညှိနှိုင်းချိတ်ဆက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် Rotary Club of Central Yangon (RCCY) Youth Scholarships and Internships Programme Closing Event, Yangon ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026