Events > Academic & Other Events
MBA, MSc (Computer Science) & Final Year Student Gala Dinner
MBA, MSc (Computer Science) & Final Year Student Gala Dinner 
The University of Wolverhampton, UK နှင့် ချိတ်ဆက်ဖွင့်လှစ်ထားသော MBA၊ MSc (Computer Science) နှင့် Final Year ကို တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၊ University of Central Lancashire နှင့် University of Greater Manchester တို့မှ Final Year ကို online ဖြင့် တက်ရောက်နေကြသည့် ကျောင်းသူ ကျောင်းသားများကို ကြိုဆိုနှုတ်ဆက်သည့် Gala Dinner ကို MELIA Hotel Yangon တွင် အောက်တိုဘာလ (၁၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
Gala Dinner အခမ်းအနားတွင် နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့်၊ နာယက ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက်၊ Strategy First Education Group ၏ Founder and President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ နာယက ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစန်းလွင်၊ ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးသောင်းဟန်၊ Deputy Vice President (Faculty of Engineering and IT) ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်နီလာဝင်း၊ Dean (Faculty of Business and Management) ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ BSc/MSc in Computer Science အတန်းများတွင် သင်ကြားပေးနေသော ဆရာ ဦးကျော်မြတ်သူတို့မှကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှာစကားများ ပြောကြားခဲ့ပါသည်။
ထို့နောက် The University of Wolverhampton မှ MBA ဘွဲ့ရရှိခဲ့သော Batch 1 ကျောင်းသူဟောင်း တစ်ဦး ဖြစ်သူ၊ Happy Mom and Genius ၏ Founder မမြတ်မွန်မွန်အောင်မှ Welcome Speech ပြောကြားပြီး အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။
အစီအစဉ်အရ Strategy First Music Club နှင့် Global Pathways International School မှ ကျောင်းသား၊ ကျောင်းသူလေးများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပျော်ရွှင်ရင်းနှီးစွာ မိတ်ဆက်ကြခြင်း၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။
ယခုလို အချိန်ပေးပြီး ကြွရောက်ချီးမြှင့်ပေးပါသော ဆရာကြီး၊ ဆရာမကြီးများ၊ MBA၊ MSc နှင့် Final Year ကို တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသော GPIS Music Club မှ ကျောင်းသား၊ ကျောင်းသူလေးများကိုလည်း Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည် 
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026