Events > Academic & Other Events
MBA & Final Year Student Gala Dinner
MBA & Final Year Student Gala Dinner 
The University of Wolverhampton, UK နှင့် ချိတ်ဆက်ဖွင့်လှစ်ထားသော MBA နှင့် Final Year ကို မန္တလေးမြို့တွင် တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၊ University of Lancashire, UK နှင့် ချိတ်ဆက်ဖွင့်လှစ်ထားသော Final Year ကို Online သို့မဟုတ် On Campus ဖြင့် တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများကို ကြိုဆိုနှုတ်ဆက်သည့် Gala Dinner ကို iBIS Styles Hotel တွင် နိုဝင်ဘာလ (၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Gala Dinner အခမ်းအနားတွင် နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်လှမြင့်၊ Strategy First Education Group ၏ Founder and President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ Deputy Vice President (Faculty of Engineering and IT) ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်နီလာဝင်း၊ Dean (Faculty of Business and Management) ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ MBA နှင့် BSc အတန်းများတွင် သင်ကြားပေးနေသော ဆရာ ဒေါက်တာ ဦးဇင်မောင်မောင် တို့မှကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှာစကားများ ပြောကြားခဲ့ပါသည်။
အစီအစဉ်အရ Strategy First Music Club မှ ကျောင်းသား၊ ကျောင်းသူလေးများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပျော်ရွှင်ရင်းနှီးစွာ မိတ်ဆက်ကြခြင်း၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။
ယခုလို အချိန်ပေးပြီး ကြွရောက်ချီးမြှင့်ပေးပါသော ဆရာကြီး၊ ဆရာမကြီးများ၊ MBA နှင့် Final Year ကို တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးသော Undergraduate Programme Music Club မှ ကျောင်းသား၊ ကျောင်းသူလေးများကိုလည်း Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည် 
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026