Events > Academic & Other Events
Mandalay vs Yangon Friendly Football & Futsal Matches 2025
Strategy First International College ရန်ကုန်နှင့် မန္တလေးကျောင်းများတွင် ဖွင့်လှစ်ထားသော UK ဘွဲ့ကြိုအတန်းများတွင် တက်ရောက်နေသည့် Strategy First Football Club မှ ကျောင်းသားများ ဦးဆောင်ပြီး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများ ကျင်းပပြုလုပ် Strategy First International College Yangon Football Club မှ ကျောင်းသားများသည် မန္တလေးမြို့သို့လာရောက်ပြီး Strategy First International College Mandalay Football Club မှ ကျောင်းသားများနှင့်အတူ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများကို ရင်းရင်းနှီးနှီး ပျော်ရွှင်စွာ အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ …………………………… ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ (၉) ရက်နေ့တွင် ရွှေမန်းတောင်ကွင်း၌ မန္တလေးအသင်းနှင့် ရန်ကုန်အသင်း အကြိတ်နယ် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်အသင်းမှ (၅) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ချစ်ကြည်ရေးဖူဆယ်ပြိုင်ပွဲတွင် YGN Team-A, YGN Team-B နှင့် MDY Team-A, MDY Team-B စသည်ဖြင့် အသင်း (၄) သင်းခွဲပြီး မန္တလာသီရိ ဘက်စုံသုံးအားကစားခန်းမကြီး၌ နိုဝင်ဘာလ (၉) ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ Strategy First Dance club ၏ Cheerleader ဖျော်ဖြေရေးအစီအစဥ်များလည်း ပါဝင်ခဲ့ပြီး Strategy First International College မှ ကျောင်းသား၊ ကျောင်းသူများမှ ချစ်ကြည်ရေးပွဲများသို့ လာရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ အဆိုပါ ချစ်ကြည်ရေးဖူဆယ်ပြိုင်ပွဲတွင် Mandalay Team (B) မှ Champion ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး Yangon Team (B) မှ ဒုတိယဆုကိုလည်းကောင်း၊ YGN Team (A) မှ တတိယဆုကိုလည်းကောင်း၊ MDY Team (A) မှ နှစ်သိမ့်ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။ အသင်းအလိုက်ဂုဏ်ပြုဆုများနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ရာတွင် 🏆 Champion - MDY Team (B) 🥇1st Runner Up - YGN Team (B) 🥈2nd Runner Up - YGN Team (A) 🏅Best Player - ကိုဇာနည်မင်းစံ (YGN Team – A) 🏅Best Keeper - ကိုစိုင်းဟက်ခေး (MDY Team – B) 🏅Top Scorer - ကိုအောင်စွမ်းပြည့် (MDY Team - B) တို့မှ ဆွတ်ခူးရရှိခဲ့ကြပါတယ်။ ယခုလို “Mandalay vs Yangon Friendly Football & Futsal Matches 2025” ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြသော Strategy First Football Club၊ ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသော Strategy First Dance Club နှင့် တစ်ခဲနက် လာရောက်အားပေးခဲ့ကြသော UK ဘွဲ့ကြိုအတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအားလုံးတို့ကို Strategy First International College မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026