Events > Academic & Other Events
ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားနာ
ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားနာ
မေလ (၁၀) ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် Strategy First မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝန်ထမ်းများ မှ ကိုးထပ်ကြီးဘုရားရှိ မဟာဗောဓိပင်ကို လက်ယာရစ် ၃ ပတ်ပူဇော်ညောင်ရေသွန်းခဲ့ကြပြီး ဘုရား၀တ်ပြုပူဇော်ခြင်းများပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားအပြီး ဗုဒ္ဓဂါယာဘုရားဖူးကုသိုလ်အဖြစ် လာရောက်ကုသိုလ်ယူကြသောကျောင်းသားကျောင်းသူများကိုမဲဖောက်ပေးခဲ့ရာ ABE Level 5 အတန်းမှကျောင်းသူ မဆုရွှန်းလဲ့မေ မှ ဘုရားဖူးခရီးစဉ်မဲပေါက်သွားခဲ့ပါသည်။
ထို့နောက် Strategy First (Teaching Centre-1) ၌ ဆရာတော် သံဃာတော်များကို သင်္ကန်းစသော လှူဖွယ်များဆပ်ကပ် လှူဒါန်းပြီး နေ့ ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ကြွရောက်လာသော ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားနာ ကို တက်ရောက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများ ကျောင်းသားကျောင်းသူများ နှင့် ၀န်ထမ်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026