Events > Academic & Other Events
ဗုဒ္ဓနေ့အကြို ဗုဒ္ဓပူဇာမင်္ဂလာနှင့် ကဆုန်ညောင်ရေသွန်းပွဲ
၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့က Strategy First International College မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ မိသားစုဝန်ထမ်းများ မှ ကိုးထပ်ကြီးဘုရားရှိ မဟာဗောဓိပင်ကို ဘုရားဂုဏ်တော်ကိုးပါး ရွတ်ပွားပူဇော်ကာလက်ယာရစ် (၃) ပတ်ပူဇော်ပြီး ညောင်ရေသွန်းခဲ့ကြပါတယ်။ ညောင်ရေသွန်းပြီးနောက် Strategy First (Teaching Centre-1) မှာ ပါမောက္ခဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒမုခ (ပရိယတ္တိမဟာဌာန၊ သုတ္တန္တဌာန၊ အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) မှ ဗုဒ္ဓဘာသာ အခြေခံ ဗဟုသုတများနှင့် ဓမ္မရေးရာမေးခွန်းများကို ဆွေးနွေးဖြေကြားပေးခဲ့ပါတယ်။ ဆရာတော် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းကာ ကြွရောက်လာတဲ့ ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသတယ်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းမှာ ဆရာတော် ဘဒ္ဒန္တရေဝတ (လက်ထောက်ကထိက၊ ပဋိပတ္တိမဟာဌာန၊ ဝိပဿနာဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) မှ လူငယ်များအတွက် အခြေခံတရားရှုမှတ်နည်း လမ်းညွှန်ကို မျှဝေကာ စုပေါင်းတရားရှုမှတ်ခဲ့ပြီး၊ ဆရာတော်များကို သင်္ကန်း စတဲ့ လှူဖွယ်များဆပ်ကပ်လှူဒါန်းကြပါတယ်။ အဲ့ဒီနောက် ကုသိုလ်အစုစုကို ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓပူဇာမင်္ဂလာအခမ်းအနားအပြီးမှာ ဗုဒ္ဓဂါယာဘုရားဖူးကုသိုလ်အဖြစ် လာရောက်ကုသိုလ်ယူကြတဲ့ ကျောင်းသားကျောင်းသူများကိုမဲဖောက်ပေးခဲ့ရာ Business အတန်းမှ ကျောင်းသူ မစုစုမင်းမှ ဘုရားဖူးခရီးစဉ်မဲပေါက်သွားခဲ့ပါတယ်။
ကဆုန်ညောင်ရေသွန်းပွဲဖြစ်မြောက်စေဖို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆရာတော်များ ဆရာကြီးဆရာမကြီးများ ကျောင်းသားကျောင်းသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026