Events > Academic & Other Events
16th Anniversary of Strategy First International College
"၁၆ နှစ်တာခရီးမှသည်... အောင်မြင်မှုပေါင်းများစွာဆီသို့"
Strategy First International College ရဲ့ (၁၆) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ (၈) ရက်နေ့၊ Strategy First Teaching Centre – 3 (Mingalar Mandalay Campus) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ယခုပွဲကို Strategy First International College ရဲ့ Founder & President ဆရာ ဦးအောင်ချစ်ခင်ကနေ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို စတင်ခဲ့ပြီး Strategy First International College ရဲ့ ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ရှိသူများမှ အမှတ်တရစကားတွေနဲ့ ကျောင်းတော်ကြီးရေရှည်တည်တံ့ပါစေကြောင်း ဆုတောင်းစကားတွေ ပြောကြားပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာ (၁၆) နှစ်ပြည့် အမှတ်တရ ကိတ် ခွဲခဲ့ပြီး အခမ်းအနားကို တက်ရောက်ပါဝင်ပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ မိတ်ဆွေတွေကို အစားအသောက်များ၊ ကိတ်များ၊ ဖျော်ရည်များဖြင့် ပျော်ပျော်ပါးပါး ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
Strategy First ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအားလုံး ဘေးအန္တရာယ်ကင်းဝေးစေဖို့ ရည်စူးပြီး (၁၆) နှစ်ပြည့် နှစ်ပတ်လည်အလှူကို ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နံနက် (၁၀) နာရီမှာ သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းကပ်အလှူနဲ့ လှူဖွယ်ဝတ္ထုတွေကို ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။
(၁၆) နှစ်တာကာလပတ်လုံး Strategy First အပေါ် ယုံကြည်အားကိုးခဲ့ကြတဲ့ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့ အရည်အသွေးမြင့်မားတဲ့ ပညာရေးဝန်ဆောင်မှုတွေနဲ့အတူ အကောင်းဆုံးခြေလှမ်းတွေကို ဆက်လှမ်းသွားပါဦးမယ်ခင်ဗျာ။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026