Events > Graduation Ceremonies
Strategy First Mandalay The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
Strategy First Mandalay The Graduation Ceremony 2026 အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက် (တနင်္ဂနွေနေ့) တွင် မန္တလေးမြို့ရှိ Mingalar Mandalay Hotel ၌ Session (၂) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်း၏ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Strategy First ၏ Founder & President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Admin) ဦးအောင်ကျော်ဌေး၊ Deputy Vice President (Faculty of IT and Engineering) ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်း၊ Faculty of Business Management and Social Sciences Department ၏ Dean ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ဥမ္မာမြင့်နှင့် ဘာသာရပ်အသီးသီးကို သင်ကြားပြသခဲ့သော ဆရာကြီး၊ ဆရာမကြီးများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို Strategy First ၏ Founder & President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ Strategy First ၏ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်နှင့် Deputy Vice President (Faculty of IT and Engineering) ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်းမှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပါသည်။
Session အလိုက် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အသိအမှတ်ပြုဘွဲ့လက်မှတ်များနှင့် ဒီပလိုမာများ ပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား နှုတ်ဆက်ကျေးဇူးတင်စကားများကို Session (A) တွင် BA (Hons) Business Management ဘွဲ့ကို First-Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကိုရဲမင်းအောင်၊ Session (B) တွင် Master of Business Administration (MBA) မဟာဘွဲ့ကို Distinction ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မထူးဝါဆို၊ MSc (Computer Science) မဟာဘွဲ့ကို Distinction ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကိုဇာနည်လွမ်းနှင့် BSc (Hons) Computer Science ဘွဲ့ကို First-Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မအိဇွန်ဖူးတို့မှ ပြောကြားခဲ့ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။
ထို့အပြင် NCC Education, UK မှ ချီးမြှင့်သော 1st in the World, 1st in the Southeast Asia Region, 2nd in the World နှင့် 3rd in the World အစရှိသည့် ကမ္ဘာ့အဆင့် ထူးချွန်ဆုအသီးသီးကို Strategy First မန္တလေးကျောင်း၌ NCC Diplomas in Computing with Business Management နှင့် NCC Diplomas in Computing ပထမနှစ်နှင့် ဒုတိယနှစ်အတန်းများတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများမှ ဆွတ်ခူးရရှိခဲ့သည့်အတွက်လည်း အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
ယခုကဲ့သို့ ပညာရေးမှတ်တိုင်တစ်ခုကို အောင်မြင်စွာ ရောက်ရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပံ့ပိုးအားပေးခဲ့ကြသော မိဘအုပ်ထိန်းသူများအတွက် Strategy First မှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူခဲ့သည့် ပညာရပ်များကို လုပ်ငန်းခွင်နှင့် လူမှုဘဝတွင် ထိရောက်စွာ အသုံးချနိုင်ပြီး အနာဂတ်ခရီးလမ်းတစ်လျှောက် အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
Latest News
MBA & UK Bachelor’s Final Year Students Gala Dinner 2026
08 November, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ စာတွေ့သင်ယူမှုများအပြင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနှင့် ဗဟုသုတများ ပိုမိုတိုးတက်လာစေရန်အတွက် De Heus Myanmar သို သွားရောက်လေ့လာခြင်း 🚌🏢
14 November, 2026
Strategy First အာစရိယပူဇော်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ၂၀၂၆ အခမ်းအနား မှ အမှတ်တရပုံရိပ်များ
18 October, 2026
🚀🏆Digital Entrepreneurship Empowerment Program ၏ Final Competition အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့
18 October, 2026
🎯✨ Market Master Junior — Learning Business Through Experience
17 October, 2026