Events > Industrial Visit

🏦 Strategy First International College မှ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ AYA SOMPO Insurance Head Office သို့ Industrial Visit သွားရောက်လေ့လာခြင်း

🎓 Strategy First International College ၌ UK Bachelor’s Programmes တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့သင်ယူထားသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ချိတ်ဆက်လေ့လာနိုင်စေရန်အတွက် AYA SOMPO Insurance ၏ Head Office သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ✨

🤝 အဆိုပါ Industrial Visit တွင် AYA SOMPO Insurance ၏ CEO ဖြစ်သူ ဦးမျိုးမင်းသူ မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Insurance Industry နှင့်ပတ်သက်သည့် အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။ ထို့နောက် HR Head ဖြစ်သူ ဒေါ်သဇင်အောင် မှ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောပြပေးခဲ့ပါသည်။

💡 ကျောင်းသား၊ ကျောင်းသူများသည် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ပုံများကို ပိုမိုနားလည်သိရှိနိုင်ရန် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများမှလည်း အသေးစိတ် ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ထို့အပြင် AYA SOMPO Head Office နှင့် The Gallery by AYA SOMPO တို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ 🏢

✨ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေရန် လေ့လာခွင့်နှင့် အသိပညာများ မျှဝေပေးခဲ့သည့် AYA SOMPO Insurance မှ တာဝန်ရှိသူများအား Strategy First International College မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🤝

🙏 AYA SOMPO Insurance အနေဖြင့်လည်း ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်ခရီးလမ်းတွင် အောင်မြင်မှုများ ပိုမိုရရှိပါစေကြောင်း Strategy First International College မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

#StrategyFirst #AYASOMPOInsurance #IndustrialVisit #UKBachelorsProgrammes