🎓💼 Strategy First International College Career Bites: A Business Careers Showcase
🎯 Strategy First တွင် တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများနှင့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို စုဆောင်းလိုသော မိတ်ဖက်လုပ်ငန်းအဖွဲ့အစည်းများအတွက် Strategy First International College Career Bites: A Business Careers Showcase ပွဲကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့ (စနေနေ့) ၌ နေ့လယ် (၁၁း၀၀) မှ (၃း၀၀) နာရီအထိ Strategy First Teaching Centre-1 တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
🎯 Strategy First International College Career Bites: A Business Careers Showcase ကျင်းပရခြင်းရည်ရွယ်ချက်
Strategy First International College စတင်ဖွင့်လှစ်ချိန်မှစတင်ပြီး တက်ရောက်ခဲ့၊ တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် တည်ထောင်ချိန် (၂၀၁၀) ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့သော မိတ်ဖက်ကုမ္ပဏီများအတွက် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါသည်။
🏢 Strategy First International College Career Bites: A Business Careers Showcase တွင် A Bank, Coca-Cola Pinya Beverages Myanmar, KFC Myanmar, Prudential Life Insurance Myanmar နှင့် Strategy First Education Group စသည့် ကုမ္ပဏီများ ပါဝင်ခဲ့ကြပါသည်။
🤝 ပွဲတွင်ပါဝင်သော Company တစ်ခုချင်းစီမှ ကုမ္ပဏီမိတ်ဆက်၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းနှင့် Q&A Session များ ပြုလုပ်ပေးခဲ့ပါသည်။
📝 ထို့အပြင် ဆရာမ ဒေါ်အိသန္တာကြူမှ "How to Stand Out in Business Career Applications" ခေါင်းစဉ်ဖြင့် အလုပ်လျှောက်ထားရာတွင် အသုံးပြုရမည့် CV Form များကို စနစ်တကျ ထိရောက်စွာ ရေးသားနည်းနှင့် Email ပို့နည်းများကို သင်ကြားပြသပေးခဲ့ပါသည်။
🧭 ဆရာမ ဒေါ်မဉ္ဇူဖြိုးနှင့် ဆရာမ ဒေါ်မေရဲမြင့်ဇွန်တို့မှလည်း ကျောင်းသား၊ ကျောင်းသူများ မိမိတို့ လျှောက်လှမ်းလိုသော Career လမ်းကြောင်းကို မှန်ကန်စွာ ရွေးချယ်နိုင်ရန် တိုင်ပင်ဆွေးနွေးပေးသည့် “Career Mentorship Corner” အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါသည်။
📄 ထို့နောက် ပွဲတက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများ ယူဆောင်လာသော CV Form များကို သတ်မှတ်ထားသော Room များတွင် တင်ခဲ့ကြပြီး ကုမ္ပဏီများမှ CV များကို ကြည့်ရှုစစ်ဆေးကာ Interview များ ပြုလုပ်ပေးခဲ့ပါသည်။
🙏 ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြသည့် မိတ်ဖက်ကုမ္ပဏီများနှင့် Strategy First International College Career Bites: A Business Careers Showcase ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️
#CareerBites #MiniJobFair #StrategyFirst #StudentOpportunities #Careerdevelopment #Networking
Latest News
🎓💻 Strategy First International College Career Bites: An IT Careers Showcase
23 May, 2026
🎓💼 Strategy First International College Career Bites: Quick-Connect Job Fair 2025
25 October, 2025
🎓💼 Strategy First International College Career Bites: Quick-Connect Job Fair 2025
06 September, 2025
🎉 Strategy First International College Career Bites: Quick-Connect Job Fair 2025 Dec Edition 💼✨
13 December, 2025
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ စာတွေ့သင်ယူမှုများအပြင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနှင့် ဗဟုသုတများ ပိုမိုတိုးတက်လာစေရန်အတွက် De Heus Myanmar သို သွားရောက်လေ့လာခြင်း 🚌🏢
14 November, 2026