Strategy First University မန္တလေးကျောင်းမှ Awarding Ceremony အခမ်းအနားကို ဇန်နဝါရီလ (၁၈) ရက်နေ့က SFU Mandalay Teaching Centre (1) Theater Hall တွင်‌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် Strategy First University ၏ Founder/President ဦးအောင်ချစ်ခင်၊ Vice President (Academic) ဒေါက်တာ ဦးစိန်မင်း၊ Vice President (Admin) ဦးအောင်ကျော်ဌေးနှင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးတွင် သင်ကြားပို့ချနေကြ‌သော ဆရာ၊ ဆရာမများနှင့် မိဘဆွေမျိုးများမှ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားတွင် President’s list ကျောင်းသား/သူများ၊ Dean’s List ကျောင်းသား/သူများ၊ NCC High Achiever Award ရရှိသူများနှင့် Club အသီးသီးမှ ပါဝင်ပေးခဲ့ကြသူများအားလုံးကို သက်ဆိုင်ရာ အသိအမှတ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြပါသည်။ SFU Music Club မှ SFU Theme Song ကို သီဆိုပြီး အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။