Strategy First University ၏ တတိယအကြိမ်မြောက် Graduation Ceremony 2019 အခမ်းအနား အောင်မြင်စွာကျင်းပ

 

Strategy First University ၏

  • ICM Single Subject Diploma
  • ABE Level 6 Diploma in Business Management
  • NCC Level (4) Diploma in Business
  • NCC Level (4) Diploma in Business IT
  • NCC Level (5) Diploma in Business
  • HND in Business Management နှင့်
  • Heriot-Watt University, Edinburgh Business School, UK

မှ ပေးအပ်ချီးမြင့်သော Master in Business Administration ဘွဲ့များကိုအောင်မြင်ခဲ့ကြသူများအတွက် ဒီပလိုမာပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၄) ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Novotel Yangon Max, Yangon Ballroom တွင် အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အခမ်းအနားကို ဆရာမကြီး ဒေါက်တာဒေါ်ခင်အုန်းသန့် ၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့် ၊ President/Managing Director ဖြစ်သော ဆရာ ဦးအောင်ချစ်ခင် ၊ Academic Director ဆရာကြီးဒေါက်တာဦးစိန်မင်းနှင့် တခြားသော ဆရာကြီး၊ ဆရာမကြီးများနှင့် NCC Level (4) & Level (5) Diploma in Business ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ကျောင်းသူများ ၊ NCC Level (4) Diploma in Business IT ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသား ၊ ကျောင်းသူများ ၊ ABE Level 6 Diploma in Business Management ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ကျောင်းသူများ ၊ ICM Single Subject Diploma ဖြေဆိုအောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ နှင့် Heriot-Watt University, Edinburgh Business School, UK မှ ပေးအပ်ချီးမြှင့်သည့် Master in Business Administration ဘွဲ့ ကိုပထမ ဆုံး အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ (၁၀) ဦးအပါအဝင် မိဘများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို ဆရာဦးအောင်ချစ်ခင်မှ အဖွင့်မှာစကားပြောကြားပေခဲ့ပြီး ၊ Strategy First University ၏ နာယက ဆရာမကြီး ဒေါက်တာဒေါ်လှမြင့်မှ ဆုံးမသြဝါဒစကား နှင့် အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခဲ့ပါသည်။ ဘွဲ့ ရကျောင်းသား ကျောင်းသူများ တစ်ဦးချင်းစီကို ဒီပလိုမာများပေးအပ်ပြီးနောက် Academic Director ဒေါက်တာဦးစိန်မင်းမှ ဂုဏ်ပြုစကားများပြောကြားပေးခဲ့ပါသည်။

အပိုင်း(၁) ကို မနက်(၉) နာရီမှ နေ့လည်(၁၂) နာရီ အထိကျင်းပခဲ့ပြီး ဒီပလိုမာ ပေးအပ်ချီးမြှင့်ခဲ့ပြီးသော ဘာသာရပ်များမှာ

  • ICM Single Subject Diploma in
    1. Audition & Taxation
    2. Business Management & Administration
    3. Hospitality Management
    4. Logistics & Supply Chain Management
    5. Quantitative Methods for Mangers
    6. Risk Management

အပိုင်း (၂) ကို နေ့လည် (၁) နာရီမှ (၃) နာရီ အထိကျင်းပခဲ့ပြီး ဒီပလိုမာ ပေးအပ်ချီးမြှင့်ခဲ့ပြီးသော ဘာသာရပ်များမှာ

  1. Master of Business Administration (Heriot Watt University, Edinburgh Business School)
  2. ABE Level 6 Diploma in Business Management
  3. ICM Single Subject Diploma in
  4. Advertising
  5. Financial Management
  6. International Business Communication
  7. Leadership Studies
  8. Project Management
  9. Public Relations
  10. Purchasing Management
  11. Sales and Sales Management နှင့်

အပိုင်း (၃) ကို ညနေ(၄) နာရီမှ (၆) နာရီ အထိကျင်းပခဲ့ပြီး ဒီပလိုမာ ပေးအပ်ချီးမြှင့်ခဲ့ပြီးသော ဘာသာရပ်များမှာ

  1. NCC Level (4) Diploma in Business
  2. NCC Level (5) Diploma in Business
  3. NCC Level (4) Diploma in Business IT
  4. HND in Business ICM
  5. Business Law
  6. Consumer Behaviour
  7. Human Resource Management
  8. Human Resource Development
  9. Managing for Service Excellent
  10. Marketing Management
  11. Strategic Management တို့ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းသားကျောင်းသူများ ကို ဒီပလိုမာ လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

ထို့နောက် BA (Hons) Business & Management Pathway Programme, Second Year (NCC Level 5 Diploma in Business) တွင် ကမ္ဘာ့ ဒုတိယအမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော မောင်ကောင်းခန့်ဇေ နှင့် တတိယ အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မလမင်းဖြူဖြူတို့ကို ဂုဏ်ပြုဆု အဖြစ် NCC(UK) မှ ပေးအပ်သော The Second in the World နှင့် The Third in the world ဆုများချီးမြှင့်ပေးခဲ့ပါသည်။ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား Strategy First University မှ အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ အနာဂတ် လုပ်ငန်းခွင်အတွင်းလည်း မိမိတို့သင်ကြားထားသည့် သီအိုရီများကို လက်တွေ့နှင့်ပေါင်းစပ်ကာ ပြန်လည်အသုံးချ နိုင်ပြီး အောင်မြင်မှုများဆက်လက်ဆွတ်ခူးနိုင်ကြပါစေ။