Strategy First University ရှိ UK မှချီးမြှင့်တဲ့ ဘွဲ့ကြိုသင်တန်းများမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး Student Gathering Event ကျင်းပပြုလုပ်

 

Strategy First University မှာ ဖွင့်လှစ်ထားတဲ့ UK မှချီးမြှင့်တဲ့ ဘွဲ့ကြိုသင်တန်းများမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး “Strategy First University Student Gathering Event” ကို ဩဂုတ်လ (၁၉) ရက်နေ့က Strategy First University Teaching Centre (1) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First University ရဲ့ Founder and President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး SFU Community Service Club မှ Club Project များမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး E-Sports Community မှ MLBB ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူများကို ဆုများချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် SFU Students’ Club အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကလည်း ပွဲတက်ရောက်သူများကို Club အကြောင်းများ မိတ်ဆက် ပြောကြားခဲ့ပါတယ်။

King & Queen Contestant များမှ Talent Show များ, SFU Music Club မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ၊ SFU Dance Club မှ KPop Radom Dance and Performance များနဲ့ SFU Media Club မှ ပြဇာတ်များဖြင့် ဖျော်ဖြေပေးခဲ့ကြပါတယ်။  SFU Music Club မှ Strategy First University Theme Song ဖြင့် Student Gathering ပွဲအခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြပါတယ်။  Strategy First University Student Gathering ပွဲကို ကြွရောက်ချီးမြှင့်ပေးခဲ့တဲ့ ဆရာ၊ ဆရာမများ၊ ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ Entertainment များမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ ၊ အမှတ်တရ ဓာတ်ပုံများရိုက်ကူးပေးပါတဲ့ SFU Photography Club မှ ကျောင်းသား၊ ကျောင်းသူများနဲ့ လာရောက်အားပေးခဲ့ကြတဲ့ Strategy First University မှ ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။