Organization တစ်ခုမှာ Professional တစ်ယောက်အနေနဲ့ လုပ်ဆောင်ခွင့်ရရှိနိုင်မယ့် “Leaders' Development Program” ကျင်းပပြုလုပ်

 

Strategy First University မှာ တက်ရောက်နေတဲ့ Young Leaders များအတွက် AYA SOMPO မှ “Leaders’ Development Program” ကို စက်တင်ဘာလ (၃၀) ရက်နေ့မှာ Strategy First University Panchan Tower Teaching Centre တွင် Program မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲမှာ Strategy First University ရဲ့  Founder/ President ဆရာဦးအောင်ချစ်ခင်မှ “EQ and Leadership” ခေါင်းစဉ်ဖြင့် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးများအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီး  “Pathway to Success Summit” ခေါင်းစဉ်အောက်မှာ ဆရာဦးအောင်ချစ်ခင် (Founder/ President of Strategy First University) နဲ့ Ma Wai Zin Maung (Director of Support Division- AYA SOMPO Insurance) တို့မှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် “Leaders' Development Program Introduction” ကို Ma Lwin Lwin Kyaw (Senior Manager of Talent Development - AYA SOMPO Insurance) မှ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။