Strategy First Institute ၏ ပထမ အကြိမ်မြောက် Graduation Ceremony အခမ်းအနားအောင်မြင်စွာကျင်းပ

 

Strategy First Institute ၏ Graduation Ceremony 2017 ဒီပလိုမာပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂၂)ရက်နေ့ (တနင်္ဂနွေနေ့)၊ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ၊ ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ The Strand Hall, Strand Hotel တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Strategy First Institute ၏ နာယက ဆရာမကြီးများဖြစ်ကြသော ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ ဒေါက်တာဒေါ်ခင်အုန်းသန့်၊ Founder and Managing Director ဖြစ်သော ဆရာ ဦးအောင်ချစ်ခင် ၊ Academic Director ဆရာကြီးဒေါက်တာဦးစိန်မင်းနှင့် တခြားသော ဆရာကြီး၊ ဆရာမကြီးများနှင့် NCC Level 4 Diploma in Business ဖြေဆိုအောင်မြင်ထားသော ကျောင်းသား ၊ ကျောင်းသူများ၊ မတ်လနှင့်ဇွန်လတွင် ဖြေဆိုအောင်မြင်ထားသော ICM ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

Strategy First Graduation Ceremony 2017 အခမ်းအနားကို ဆရာမကြီး ဒေါက်တာဒေါ်လှမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခဲ့သည်။ ထို့နောက်တွင် NCC Level 4 Diploma in Business အောင်မြင်စွာဖြေဆိုထားသော ကျောင်းသားကျောင်းသူများ၊ ICM Single Subject Diploma ဘာသာရပ်အလိုက် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ဒီပလိုမာလက်မှတ်များချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ဆရာကြီး၊ ဆရာမကြီး များ ၊ ကျောင်းသား၊သူများ နှင့် မိဘများကို အမှတ်တရ ဓါတ်ပုံများရိုက်ကူးပြီး ပျော်ရွင်ဂုဏ်ယူဖွယ်ကောင်းသော ပုံရိပ်များကို အမှတ်တရတင်ပြရင်း ပညာကို တန်ဖိုးထားသော ကျောင်းသား /သူများကို Strategy First မှ နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်းတင်ပြလိုက်ပါသည်။