Strategy First University (Yangon) နဲ့ (Mandalay) - Buddhist Society မှ ကျောင်းသား၊ကျောင်းသူများ ဦးဆောင်ပြီး “တပေါင်းလ သဲပုံစေတီပွဲ” ကျင်းပပူဇော်

 

မြန်မာ့ရိုးရာ “တပေါင်းလ သဲပုံစေတီပွဲ” ကို Strategy First University - Buddhist Society မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး ရန်ကုန်မြို့၊ ကိုးထပ်ကြီးဘုရားမှာ မတ်လ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။Strategy First University Founder/ President ဆရာဦးအောင်ချစ်ခင်၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနဲ့ ကျောင်းသား၊ ကျောင်းသူများမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးဖြစ်သော မြတ်စွာဘုရားရှင်တို့အား ရည်မှန်းပြီး သမ္ဗုဒ္ဓေဂါထာတော်ဖြင့် သဲပုံစေတီကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။

ဆက်လက်ပြီး ဆရာဦးအောင်ချစ်ခင်မှလည်း သဲပုံစေတီပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဗုဒ္ဓဂါယာဘုရားဖူးလိုက်ပါခွင့် လူနှစ်ဦးစာ ကံစမ်းမဲများဖောက်လှူပေးပြီး Royal-D အချိုရည်များဖြင့်လည်းဧည့်ခံခဲ့ပါတယ်။ ယခုလို “တပေါင်းလ သဲပုံစေတီပွဲ” ကို ကျင်းပခွင့်ပေးတဲ့ ကိုးထပ်ကြီးဘုရားမှ တာဝန်ရှိသူများ၊ စုပေါင်း ကုသိုလ်ယူခဲ့ကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား/သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ထို့အတူ Strategy First University ​Mandalay မှာလည်း “တပေါင်းလ သဲပုံစေတီပွဲ” ကို Strategy First University - Buddhist Society (MDY)  မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး မန္တလေးမြို့ အိမ်တော်ရာ ဘုရားမှာ မတ်လ (၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲကို မန္တလေးကျောင်းခွဲမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနဲ့ ကျောင်းသား၊ကျောင်းသူများမှ ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်။ Strategy First University ​Mandalay သဲပုံစေတီပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူများကိုလည်း ဗုဒ္ဓဂါယာဘုရားဖူးလိုက်ပါခွင့် လူနှစ်ဦးစာ ကံစမ်းမဲများ ဖောက်လှူပေးခဲ့ပါတယ်။