'' စတုတ္ထအကြိမ်မြောက် Strategy First University Business Plan Competition 2023 '' 

 

Strategy First University ၏ စတုတ္ထအကြိမ်မြောက် Business Plan Competition 2023 ကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ Strategy First University မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပိုမိုပေါ်ထွန်းစေရန်နှင့် လုပ်ငန်းစတင်လိုသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်စေရန်အတွက် SFU Incubation Center ကို ဖွင့်လှစ်လိုက်ပြီး Strategy First University Business Plan Competition 2023 တွင် ကဏ္ဍအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရွေးချယ်ခြင်းခံရသည့် ပြိုင်ပွဲဝင် (၆) ဖွဲ့အနေဖြင့် SFU Incubation Centre နှင့် ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရမည်ဖြစ်ပါသည်။

Strategy First University Business Plan Competition 2023 တွင်ဝင်ရောက်ယှဉ်ပြိုင်သော ကျောင်းသား၊ ကျောင်းသူများအားလုံးသည် Strategy First University Extension (SFUx) တွင် ဖွင့်လှစ်ထားသော Certificate in Entrepreneurship and New Venture Creation အတန်းကိုလည်း အခမဲ့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။

*** ဝင်ရောက်ယှဉ်ပြိုင်သူများအတွက် သတ်မှတ်ချက်များ *** 

Strategy First University မှ Undergraduate တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Junior Level တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး Postgraduate, Professional Diploma နှင့် SFUx သင်တန်းများတက်ရောက်ထားသူများအနေဖြင့် Senior Level ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။

(က) Junior Level- စီးပွားရေးစီမံခန့်ခွဲမှု ၊ စီးပွားရေးသတင်းအချက်အလက်နည်းပညာ၊ကျောင်းသား ကျောင်းသူများ (Undergraduate Programme)

(ခ) Senior Level - MBA, MSc, PD-SQA, ICM, CIM, ABE, OBM, SFUx ကျောင်းသား၊ကျောင်းသူများ

*** ပေးအပ်ချီးမြှင့်မည့်ဆုများ နှင့် အကျိုးခံစားခွင့်များ ***

Junior Level နှင့် Senior Level တို့အတွက် ပထမ၊ ဒုတိယ၊ တတိယ ဆုအသီးသီးချီးမြှင့်သွားမည်ဖြစ်ပါသည်။ ဆုရရှိသူများသည် ငွေသားဆုအပြင် SFU Incubation Center အသုံးပြုခွင့် (၃)လ ကို ရရှိမည်ဖြစ်ပြီး၊ ရွေးချယ်ခြင်းခံရသောအဖွဲ့ (၆) ဖွဲ့သည် Singapore Management University မှ ကြီးမှူးကျင်းပသည့် Lee Kuan Yew Global Business Plan Competition 2023 ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်လိုပါကလည်း Free Coaching Session ကို ရရှိမည်ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အောက်ပါ link တွင် application form ကို ရယူပြီး အချက်အလက်များဖြည့်ကာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ နံပါတ်နှင့် အီးမေးလိပ်စာသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

စာရင်းသွင်းရန် - https://forms.office.com/r/vAUKQds28P

ဖုန်းနံပါတ် - 09 400088050-51 ၊ 09250717166-68

အီးမေးလိပ်စာ - marketing@strategyfirst.edu.mm

ပြိုင်ပွဲဝင်ရန် စိတ်ဝင်စားပါ အောက်ပါ Telegramme Group ကို Join ထားနိုင်ပါသည်။

Telegram Group Linl - https://t.me/+S4eInbM315hmMWI1

------------------------------------

?ပေးအပ်ချီးမြှင့်မည့် ဆုများ

Junior Level တွင် ဝင်ရောက်ယှဉ်ပြိုင်သူများအတွက်

ပထမဆု - ငွေကျပ် (၁၂) သိန်း

ဒုတိယဆု - ငွေကျပ် (၈) သိန်း

တတိယဆု - ငွေကျပ် (၅) သိန်း

-----------------------------------

Senior Level တွင်ဝင်ရောက်ယှဉ်ပြိုင်သူများအတွက်

ပထမဆု - ငွေကျပ် (၁၂) သိန်း

ဒုတိယဆု - ငွေကျပ် (၈) သိန်း

တတိယဆု - ငွေကျပ် (၅) သိန်း

----------------------------------

Hotline 09 - 777 455 333

SFU Teaching Centre 1 - အမှတ် (၂၃၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

SFU Teaching Centre 2 - အမှတ် (၂၃၇)၊ ဦးဝိစာရလမ်း နှင့် ဓမ္မစေတီလမ်းဆုံ မီးပွိုင့်အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

SFU Teaching Centre 3 - အမှတ်(၁၄၂-၁၄၆)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

-----------------------------

မှတ်ချက် - ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။

#BusinessPlanCompetition #SFU #StrategyFirstUniversity #Innovation #Entrepreneurship #Event