Strategy First University (Mandalay) မှ Football Club ကကျောင်းသားများဦးဆောင်ပြီး “Strategy First University Cup Winter Sports 2024 Futsal Competition” ပြိုင်ပွဲ ကျင်းပ

 

Strategy First University မန္တလေးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေကြတဲ့ SFU Football Club-Mdy မှ ကျောင်းသားများ ဦးဆောင်ပြီး “Strategy First University Cup Winter Sports 2024 Futsal Competition” ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၂) ရက်နေ့ အထိ TG United Futsal Club & Court မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First University ရှိ UK ဘွဲ့ကြိုအတန်းများ တက်ရောက် နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများမှလည်း လာရောက်အားပေးခဲ့ကြပါတယ်။

SFU Football Club မှ အသင်း (၅) သင်းဟာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ “Virus” အသင်းမှ “SFU Winter Cup Champions 2024 ” ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်ဦးဆုများအနေနဲ့ ပြိုင်ပွဲတစ်လျှောက် ပေးဂိုးအနည်းဆုံးဂိုးသမား Best Goalkeeper ဆုကို “Virus” အသင်းမှ “ကိုကောင်းဇေရှိန်း”နဲ့ ဂိုးသွင်းအများဆုံး Top Goal Scorer ဆုကို “Virus” အသင်းမှ “ကိုအောင်ခန့်ဘို” တို့မှ အသီးသီးရရှိခဲ့ကြပါတယ်။