Strategy First Forum 2016 - Leading Change in the New Era အောင်မြင်စွာကျင်းပပြီးစီး

 

Strategy First ၏ ဒုတိယအကြိမ်မြောက် နှစ်စဉ်ဆွေးနွေးပွဲ Strategy First Forum 2016 ကို မတ်လ (၁၃)ရက် တနင်္ဂနွေနေ့ အမျိုးသားကဇာတ်ရုံတွင် "Leading Change in the New Era" ခေါင်းစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

Strategy First တွင် တက်ရောက်နေသောကျောင်းသား၊ကျောင်းသူဟောင်း/သစ် များ၏ စဉ်ဆက်မပြတ်လေ့လာခြင်းကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နယ်ပယ်ပေါင်းစုံမှ ဆရာကြီး၊ဆရာမကြီးများ၊ ပညာရှင်ကြီးများ ၏ အတွေ့အကြုံ၊ဗဟုသုတနှင့် ကျွမ်းကျင်မှုကို အခြေခံသည့် ဆွေးနွေးဟောပြောမှုများဖြင့် Forum ကြီးကိုကျင်းပခြင်းဖြစ်ပါသည်။

Strategy First Forum 2016 တွင် မအားလပ်သည့်ကြားမှ လာရောက်ဟောပြောပေးကြသော ဆရာကြီး၊ ဆရာမကြီးများနှင့် Forum သို့ တက်ရောက်ကြသော ကျောင်းသား၊ သူများအားလုံးကို Strategy First အဖွဲ့သားအားလုံးမှ ကျေးဇူးတင်ရှိပါသည်။