SFU Chinese Culture Society မှ ကျောင်းသား၊ကျောင်းသူများ ဦးဆောင်ပြီး “SFU Chinese New Year Event 2024” ကျင်းပပြုလုပ်

 

Strategy First University ၌ UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေတဲ့ SFU Chinese Culture Society မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး “SFU Chinese New Year Event 2024” ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က SFU Panchan Tower Teaching Centre တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First University ရဲ့ Founder/ President ဆရာဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ   ဦးစိန်မင်း၊ Deputy Vice President (Faculty of IT and Engineering) ဆရာမကြီး ပါမောက္ခဒေါက်တာ‌ဒေါ်နီလာဝင်း၊ Vice President (Admin) ဦးအောင်ကျော်ဌေးနှင့် ဆရာ၊ ဆရာမများမှ တက်ရောက်အားပေးခဲ့ကြပါတယ်။

အဆိုပါပွဲမှာ တရုတ်ရိုးရာ ခြင်္သေ့အကအလှများဖြင့် ကျောင်းဝန်းအတွင်း လှည့်လည်ကပြဖျော်ဖြေခဲ့ကြပြီး နှစ်သစ်ကူးဆုတောင်းကန်တော့ခဲ့ကြပါတယ်။ ဒါ့အပြင် ကြွရောက်လာသူများကို SFU Dance Club မှ ကပြဖျော်ဖြေခဲ့ပြီး SFU Music Club နဲ့ SFU ကျောင်းသားဟောင်း “ကိုဖြိုးငြိမ်းဇော်” မှလည်း တရုတ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ လာရောက်အားပေးခဲ့ကြတဲ့ Strategy First University ရှိ UK ဘွဲ့ကြိုအတန်းမှ ကျောင်းသား/ သူများ၊ Global Pathways International School (GPIS-Yangon) မှ ကျောင်းသား/သူများကို နှစ်သစ်ကူးမုန့်ဖိုးများ ပေးဝေခဲ့ပြီး တရုတ်ရိုးရာအ‌စားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ SFU Photography Club မှလည်း တရုတ်ရိုးရာဝတ်စုံများနဲ့ အမှတ်တရဓာတ်ပုံများကို ရိုက်ကူးပေးခဲ့ပါတယ်။ ယခုလို “SFU Chinese New Year Event 2024” ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြတဲ့ SFU Chinese Culture Society မှ ကျောင်းသား/ သူများ၊ တရုတ်တေးသီချင်းများကို မေတ္တာဖြင့် လာရောက်သီဆိုပေးခဲ့တဲ့ SFU ကျောင်းသားဟောင်း “ကိုဖြိုးငြိမ်းဇော်”၊ ဖျော်ဖြေရေးမှာ ပါဝင်ကူညီခဲ့ကြတဲ့ SFU Dance Club, SFU Music Club၊ အမှတ်တရဓာတ်ပုံများ ကူညီရိုက်ကူးပေးတဲ့ SFU Photography Club၊ တက်ရောက်အားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများနဲ့ SFU, GPIS မှ ကျောင်းသား/သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။