
စတုတ္ထအကြိမ်မြောက် “ထမနဲထိုးပွဲ” ကျင်းပပြုလုပ်
Strategy First International College တွင် တက်ရောက်နေကြသော UK ဘွဲ့ကြိုအတန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် Global Pathways International School တွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပါဝင်ခဲ့ကြသည့် စတုတ္ထအကြိမ်မြောက် “ထမနဲထိုးပွဲ” ကို ဖေဖော်ဝါရီလ (၆) ရက်နေ့က “ဗားကရာတောရကျောင်းတိုက်” ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပွဲတွင် ပြိုင်ပွဲဝင် (၁၀) ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများ အသီးသီး ရရှိခဲ့ကြပါသည်။
လာရောက်အားပေးခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ Strategy First, GPIS မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျေးဇူးအထူးပင်တင်ရှိပါသည်။