Strategy First University မန္တလေးမှ UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး နှစ်သစ်ကူး စတုဒိသာအလှူပွဲ ကျင်းပပြုလုပ်

 

မြန်မာနှစ်သစ်ကူးအချိန်အခါသမယမှာ Strategy First University မန္တလေးရှိ UK ဘွဲ့ကြိုအတန်းများမှ Class Representative ကျောင်းသား၊ကျောင်းသူများနဲ့ Students’ Club အသီးသီးမှ Club Coordinator များ ဦးဆောင်ပြီး “နှစ်သစ်ကူး စတုဒိသာ” အလှူပွဲကို ဧပြီလ (၆) ရက်နေ့က SFU Manadalay Teaching Centre-3 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။Music Club နဲ့ Myanmar Culture Club မှ မြန်မာ့ရိုးရာသင်္ကြန်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင် Class Representative များ၊ Club Coordinators နဲ့ Assistant Coordinators များဦးဆောင်ပြီး Programme အသီးသီးမှ ကျောင်းသား၊ကျောင်းသူများမှ မုန့်လုံးရေပေါ်များ၊ မြန်မာမုန့်မျိုးစုံ၊ အအေးများနဲ့အတူ Strategy First University မှ ဒိုးနတ်မုန့်များဖြင့် နှစ်သစ်ကူး ကုသိုလ်ဒါနအဖြစ် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် Programme အသီးသီးမှ ကျောင်းသား၊ကျောင်းသူများမှ မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ယခုလို “နှစ်သစ်ကူး စတုဒိသာ” အလှူပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများ၊ တက်ရောက်ခဲ့ကြတဲ့ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို Strategy First University မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။