Strategy First University Badminton Club မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး Badminton Tournament ကျင်းပပြုလုပ်

 

Strategy First University Badminton Tournament 2024 ကို UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေတဲ့ SFU Badminton Club မှ ကျောင်းသား၊ကျောင်းသူများ ဦးဆောင်ကာ မတ်လ (၁၆) ၊ (၁၇) ရက်နေ့များက ရန်ကုန်မြို့ရှိ ACE Badminton Court မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First University Founder/ President ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Admin) ဦးအောင်ကျော်ဌေးနဲ့ UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေကြတဲ့  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြပြီး SFU Dance Club မှလည်း ဖွင့်ပွဲနေ့မှာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။

အဆိုပါပွဲမှာ ပြိုင်ပွဲဝင် (၃၄) ဦးတို့ဟာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး သက်ဆိုင်ရာ ဆုရရှိသူများကိုလည်း ဆရာ ဦးအောင်ချစ်ခင်မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ယခုလို Batch အသီးသီးမှ ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ကျင်းပတဲ့ Badminton Tournament 2024 ပွဲကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပါတဲ့ SFU Badminton Club မှ ကျောင်းသား၊ကျောင်းသူများနဲ့ ကြွရောက်ချီးမြှင့်ပေးခဲ့ကြတဲ့ ဆရာဦးအောင်ချစ်ခင်၊ ဦးအောင်ကျော်ဌေးနဲ့ လာရောက်အားပေးခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူများအားလုံးကို Strategy First University မှ ကျေးဇူးအထူးပင်တင်ရှိပါတယ်။