Strategy First Forum 2018 - Myanmar: Leapfrogging through Innovation အောင်မြင်စွာကျင်းပပြီးစီး

 

Strategy First Institute ၏ စတုတ္တအကြိမ်မြောက် နှစ်စဉ်ဆွေးနွေးပွဲ Strategy First Forum 2018 ကို ဖေဖော်ဝါရီလ (၁၁)ရက် တနင်္ဂနွေနေ့ အမျိုးသားကဇာတ်ရုံတွင် "Myanmar: Leapfrogging through Innovation" ခေါင်းစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

စီးပွားရေးပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ အထူးဧည့်သည်တော်ကြီးများမှ ဟောပြောဆွေးနွေးပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Strategy First မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၃၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

ယခုနှစ် Strategy First Forum 2018 တွင် အထူးအစီအစဉ်အနေဖြင့် Forum ကို အချိန်ပြည့်တက်ရောက်ခဲ့သော Strategy First ၏ ကျောင်းသား၊ သူများကို ကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော အတန်းများနှင့် MBA တက်ရောက်ရန်အတွက် Scholarships များကိုလည်း ကံစမ်းမဲများနှိုက်ရာ-

  • Kaung Kywe Zin
  • Si Thu
  • May Tharaphe Phae
  • Seint Sandy Tun
  • Htoo Aung Wai
  • Kay Zin Win
  • Min Bo Bo Kyaw
  • Yu Wah Oo
  • Grace
  • Khine Thuzar တို့မှ ၄ သိန်းတန် Scholarship - ၁၀ ဆု
  • Yamone Thaw
  • Aung Thura Kyaw
  • Su Yoon Nwe
  • Ei Phyu Kyaw
  • Win Thiha Zaw
  • Thura Maung
  • Lwin Myat Noe
  • Hay Mar Lwin
  • Kyaw Zin
  • Saw Lin Aung တို့မှ MBA Luckydraw Scholarship (1000 USD) - ၁၀ ဆု
  • Su July Soe
  • Ngu War Mon
  • Cho Thae Mar
  • Soe Hnin Htwe တို့မှ MBA Luckydraw Scholarship (2000 USD) - ၄ ဆု
  • Khin Win Win Kyi မှ MBA Luckydraw Scholarship (3000 USD) - ၁ ဆု
  • Pyae Sone Oo မှ MBA Luckydraw Scholarship (5000 USD) - ၁ ဆု

Scholarships စုစုပေါင်း (၂၆) ဦး ရရှိခဲ့ပါသည်။

 

ဟောပြောဆွေးနွေးပေးပါသော ဆရာကြီး၊ ဆရာမကြီးများနှင့် အထူးဧည့်သည်တော်ကြီးများ၊ ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များ၊ မီဒီယာမှ မိတ်ဆွေများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများ၊ အခမ်းအနာမှူးအဖြစ်ကူညီပေးသော ကျောင်းသူများဖြစ်သည့် မဝေဝေယု (Orchid) နှင့် မမေလှိုင်းဖြူ၊ မေတ္တာဖြင့် ပါဝင်ကြသော Premier Coffee | Royal D Electrolyte Beverages | Premium Distribution နှင့် Zifam တို့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။