"HR ရဲ့ စည်းကမ်းမူဝါဒများ"

HR ရဲ့ စည်းကမ်းမူဝါဒဆိုသည်မှာ ဝန်ထမ်းတွေရဲ့ အပြုအမူများကို ပြုပြင်ဖို့ (ဒါမှမဟုတ်) အလုပ်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေဖို့ ရည်ရွယ်ချက်များဖြင့် ပြဌာန်းထားပါတယ်။ HR ရဲ့ စည်းကမ်းမူဝါဒများဟာ အပျက်သဘောဆောင်တဲ့ အပြုအမူများကို ပြုပြင်မွမ်းမံခြင်း (ဒါမှမဟုတ်) အလုပ်မှရပ်စဲခြင်းအထိ အရေးယူနိုင်လောက်တဲ့ ကိစ္စရပ်များရှိခဲ့ပါက ချက်ချင်းမထုတ်ပယ်ဘဲ သင့်တော်မှန်ကန်တဲ့ နည်းလမ်းများကို အသုံးပြုလာကြပြီဖြစ်ပါတယ်။

တိုင်ပင်ဆွေးနွေးခြင်းနဲ့ နှုတ်ဖြင့်သတိပေးခြင်း။

သင့်ဝန်ထမ်းများထဲမှ တစ်ဦးဦးဟာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ဖို့ လိုအပ်လာပါက HR အတွက် ပထမဦးဆုံးလုပ်ဆောင်ရမယ့်အရာမှာ တိုင်ပင်ဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။ အဲ့လို တိုင်ပင်ဆွေးနွေးရာမှာ HR ဟာ ဝန်ထမ်းတွေရဲ့ ရှင်းလင်းချက်များကို သေချာနားထောင်ပြီးပါက ဝန်ထမ်းများရဲ့ စည်းကမ်းပိုင်းဆိုင်ရာ တိုးတက်လာစေဖို့အတွက် အစီအစဉ်ရေးဆွဲရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ စည်းကမ်းပိုင်းဆိုင်ရာအားနည်းတဲ့ ဝန်ထမ်းများကိုနှုတ်ဖြင့် သတိပေးခြင်းများ လုပ်ဆောင်ပြီးပါက မှတ်တမ်းတင်ထားရပါမယ်။ HR မှ ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းများကို ဝန်ထမ်းများမှ သိရှိပြီးကြောင်း လက်မှတ်ရေးထိုးထားရပါမယ်။

စာဖြင့် သတိပေးခြင်း။

သင့်ဝန်ထမ်းများရဲ့ အပြုအမူအတွက် ကျေနပ်မှုမရှိသေးပါက HR ရဲ့ စည်းကမ်းမူဝါဒတစ်ခုမှာ နောက်ထပ်လုပ်ဆောင်ရမယ့် နည်းလမ်းမှာ စာဖြင့် သတိပေးခြင်းပဲ ဖြစ်ပါတယ်။ စာဖြင့်သတိပေး ချက်များနဲ့ နှုတ်ဖြင့်သတိပေးချက်များက ကွဲပြားခြားနားပါတယ်။ နှုတ်ဖြင့်သတိပေးချက်များက တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိတာကြောင့် ယေဘုယျအားဖြင့် အဲ့ဒီသတိပေးချက်များဟာ HR ရဲ့မှတ်တမ်းထဲမှာသာ ရှိနေမှာဖြစ်ပါတယ်။ HR ရဲ့ စည်းကမ်းမူဝါဒဟာ အလုပ်ရပ်စဲခြင်းမပြုမီ စာဖြင့် သတိပေးချက်သုံးစောင် ထုတ်ပြန်ပြီးပါက HR ရဲ့ မှတ်တမ်းထဲမှာ အရေးကြီးတဲ့ စာရွက်စာတမ်းအဖြစ် မဖြစ်မနေသိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ အဲ့ဒီစာရွက်စာတမ်းမှတ်တမ်းများက အလုပ်အကိုင်ဆိုင်ရာ တရားစွဲဆိုမှုများရှိခဲ့ပါက HR ကို ပံ့ပိုးပေးဖို့ အသုံးပြုနိုင်ပါတယ်။

ဆိုင်းငံ့ခြင်းနဲ့ နောက်ဆုံးသတိပေးခြင်း။

သတိပေးခြင်းခံထားရပေမယ့်လည်း ဝန်ထမ်းများရဲ့ အပြုအမူများ ဒါမှမဟုတ် စွမ်းဆောင်ရည်များ ပြောင်းလဲခြင်းမရှိခဲ့ရင် အဲ့ဒီဝန်ထမ်းများကို လစာမပေးဘဲ တာဝန်မှ ဆိုင်းငံ့ထားနိုင်ပါတယ်။ ဝန်ထမ်းများရဲ့ လစာခံစားခွင့်များအပေါ် အကောင်းအဆိုး အကျိုးသက်ရောက်မှုရှိနိုင်တာကြောင့် ကုမ္ပဏီမှာ HR ကျွမ်းကျင်ပညာရှင်များ ထားရှိရပါမယ်။ အလုပ်မှဆိုင်းငံ့ခြင်းနဲ့ နောက်ဆုံးစာဖြင့် သတိပေးချက်များက ကြီးလေးတဲ့ချိုးဖောက်မှုများဖြစ်တာကြောင့် HR အဖွဲ့မှ အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ဖို့ အချိန်ပေးရပါမယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်များဟာ ဝန်ထမ်းများဘက်မှ အမှားအယွင်းမရှိလို့ ဆုံးဖြတ်ခဲ့ပါက သူတို့ရဲ့လစာကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

အလုပ်မှရပ်စဲခြင်း။

ဝန်ထမ်းများဟာ သူတို့ရဲ့ အပြုအမူကို ပြုပြင်နိုင်ခြင်းမရှိတော့ပါက HR မှ အလုပ်ရပ်စဲဖို့ အကြံပြုနိုင်ပါတယ်။ အလုပ်ရပ်စဲရေးလုပ်ငန်းစဉ်ကို သက်သေတစ်ဦးနဲ့ဆောင်ရွက်ပြီး မှတ်တမ်း တင်ထားရပါမယ်။ ဝန်ထမ်းများဟာ လုပ်ငန်းခွင်ထဲမှာ တရားမဝင် လှုပ်ရှားမှုများရှိခြင်း ဒါမှမဟုတ် အကြမ်းဖက်မှုများမှာ ပါဝင်တဲ့အခါ HR ရဲ့ စည်းကမ်းမူဝါဒများအရ အလုပ်မှ ချက်ချင်းထုတ်ပယ်ခံရနိုင်ပါတယ်။

Michelle Reynolds ရဲ့ HR Discipline Policies ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာပြန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS MBA (Assumption University, Thailand)